ကာလိမြို့၌ စားသုံးဆီဖြန့်ဖြူးရောင်းဝယ်မှု အခြေအနေများအား ရှောင်တခင်စစ်ဆေး

ကာလိ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အတွင်း စားသုံးဆီဖြန့်ဖြူးရောင်းဝယ်မှု အခြေအနေများအား ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ကာလိမြို့ မြို့မဈေးအတွင်း ဈေးဆိုင်များ၊ ကုန်ဆုံဆိုင်များသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်၊

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း ဦးဆောင်၍ မြို့စည်ပင်သာယာရေးဦးစီး ဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကာလိမြို့ဈေးအတွင်းရှိ ဆိုင်ခန်းများ ကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေးခဲ့ရာ ပဲဆီနှင့် နှမ်းဆီများကိုသာ အဓိကထား ရောင်းဝယ်စားသုံးကြသည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)