ဝေါမြို့နယ်စာရေးဆရာအသင်းနှင့်စာပေချစ်မြတ်နိုးသူများ ဦးစီးကျင်းပသော (၁၅)ကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ

ဝေါ ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စာရေးဆရာအသင်းနှင့်စာပေချစ်မြတ်နိုးသူများ ဦးစီးကျင်းပသော (၁၅)ကြိမ်မြောက် စာပေဟောပြောကို ယမန်နေ့ ည ၇ နာရီက ဝေါမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

စာပေဟောပြောပွဲတွင် လယ်တွင်းသားစောချစ်က (စာဖတ်ခြင်းဖြင့်မြင့်တင်ပါ)ခေါင်းစဉ်ဖြင့် ဟောပြောသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ခုနှစ်ဝေါမြို့နယ် စာရေးဆရာအသင်းမှကြီးမှူးကျင်းပသော ကလေသစ်ပျိုးခင်း ကဗျာပြိုင်ပွဲတွင် ပထမဆုဆုရရှိသော အထကဖိုးစိန်ကျောင်းမှ မနှင်းအိဖြူ အားစာရေးဆရာကြီး လယ်တွင်းသား စောချစ် ကလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကြည်နှင့်တာဝန်ရှိသူများကဒုတိယဆု မအေးအေးခိုင် ၊ တတိယဆုရရှိသော မောင်ဇွဲစစ်ပိုင်နှင့်မောင်စိုင်းဝေယံလင်းတို့အား တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးမျိုးကြည် ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော မအိခြူးသာ၊မဝင်းပပထွေး၊ မသီတာငြိမ်း၊ မငြိမ်းငြိမ်းမိုး၊ မသဲစုလှိုင်တို့အား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြင့်ခဲ့ကြောင်း သိရသည်။

(၁၅)ကြိမ်မြောက် စာပေဟောပြောပွဲ ငွေစာရင်းရှင်းတမ်းအား ဦးထိုက်အောင်စိုးက ရှင်းလင်းတင်ပြပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာဘုန်သော်က(ဝေါ)​ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်