မြောက်ဥက္ကလာပ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီ က(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှေးဉီးစွာ မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရပ်ကွက်နေ ပြည်သူများဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက် တစ်ရပ်ကွက်လျှင် ငွေကျပ်သိန်း ၅၀ ရရှိမည်ဖြစ်သဖြင့် ငွေကျပ်သိန်း၅ဝဖြင့် လုပ်ကိုင်နိုင်မည့် လုပ်ငန်းများသာတင်ပြပေးရန် ပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ ရပ်ကွက်အတွင်း လိုအပ်လျက်ရှိသည့် ရေမြောင်းကူးကွန်ကရစ်(၃)ခု ပြုလုပ်ပေးရန် တင်ပြခဲ့သည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသန်းဝင်းနှင့် အဖွဲ့သည် နေ့လယ် ၁၂နာရီ အချိန်တွင် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မွန်းလွဲ ၃နာရီတွင် ကျောက်ရေ​တွင်းရပ်ကွက် လေဆိပ်လမ်းရှိ ဓမ္မာရုံသို့ ရပ်ကွက်နေပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ ရပ်ကွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အားဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)