ပုဂံ-ညောင်ဦး ဇန်နဝါရီ ၆
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးပိတ်ရက်သုံးရက်အတွင်း ပြည်တွင်းဘုရားဖူးခရီး သွားများရုံးသုံးရက်ပိတ်သည့်အတောအတွင်း အမြောက်အများလာရောက်လည်ပတ်ကြကြောင်းနှင့် သမိုင်းဝင်နာမည်ကျော် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်း ခရီးသွားဘုရား ဖူးခရီးသွားများလာရောက်မှုများပြားလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အလွန်ရှေးကျလှသည့် ရှေးဟောင်းဘုရား ၊ ပုထိုး ၊သာသနိကအဆောက်အအုံ သုံးထောင်ကျော်ကျန်ရှိနေသေး ပြီးကြောင်းနှင့် ပြည်တွင်းဘုရားဖူးဧည့်သည်များ ရှေးဟောင်းဘုရား၊ ဂူပုထိုးများတွင် ရေးထိုးထား သည့် နံရံဆေးရေးပန်းချီများ၊ ရှေးကျလွန်းလှသည့် ဗိသုကာလက်ရာများနှင့် ပုဂံရှေးဟောင်းနယ်မြေ အတွင်းဘုရားပုထိုးမြောက်များစွာရှိပြီး တစ်ဆူနှင့်တစ်ဆူ၊ လှိုင်ဘုရားများတွင်လျှင် မတူညီသည့် တည်ဆောက်ပုံ၊ တည်ထားပုံများအား လေ့လာဖူးမြှော်ရသည့် ပုဂံဒေသသို့ ဘယ်နှစ်ခေါက်ရောက် ရောက် လေ့လာကြည့်ရှုမှတ်သားရသည်များ အားရသည်မရှိကြောင်း နတ်မောက်မြို့ဘုန်းတော်ပြည့် ကျေးရွာမှ ဘုရားဖူးလာရောက်သည့် ဦးသန်းဝင်းထွန်းကပြောကြားသည်။
ပုဂံဒေသသည် ပြည်တွင်း ဘုရားဖူးခရီးသွားများအပြင် ပြည်ပဧည့်သည်များလည်း အမြဲမပြတ် လာရောက်လျက်ရှိရာ ရောက်ရှိလာသူတိုင်း အလွန်ကျယ်ဝန်းပြီး တစ်နေရာထဲနှင့်စုစုစည်းစည်း ရှေးဟောင်းအဆောက်အဦများ တွေ့ရှိရသည်မှာ အံ့ဩစရာကောင်းကြောင်း ပုဂံ-ညောင်ဦးနှင့် မနီးမဝေးတွင်လည်း ပုပ္ပား/တောင်ကလပ် တည်ရှိလျက်ရှိရာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာသင့်သည့်နေရာဖြစ်ကြောင်း ပြင်သစ်ဧည့်လမ်းညွှန် မစိုးစိုးအောင်မှတစ်ဆင့် ပြင်သစ်နိုင်ငံသားများက ပုဂံဒေသ၏ကျယ်ဝန်းပြီး ရှေးဟောင်း အဆောက်အအုံ များ နီးနီးကပ်ကပ် တည်ရှိနေပုံအား ပြောကြားသည်။
ရုံးသုံးရက်ပိတ်သည့် ကာလအတွင်း သမိုင်းဝင်နာမည်ကြီးဘုရားများတွင် ပြည်တွင်းဘုရားဖူး ဧည့်သည်များဖြင့် စည်းကားနေကြောင်းနှင့် သာမန်အချိန်မှာပင် ခရီးသွားမပြတ်သည့် ပုဂံဒေသတွင် ရုံးပိတ်ရက်သုံးရက်အတွင်း ဘုရားဖူးများဖြင့်စည်ကားနေကြောင်း ရွှေစည်းခုံး ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။
ကိုထိန်၊ငါ့သရောက်