ပန်းတနော်မြို့၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

ပန်းတနော် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပန်းတနော်မြို့ အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမောင်မောင်ဦးက အရည်အချင်း ပြည့်ဝသည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်နှင့် မီးသတ်ဦးစီးဌာန၏ မူဝါဒရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချသည့် သင်ခန်းစာများကို အထူးအလေးထား လေ့လာမှတ်သားစေလိုကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးအား ဇန်နဝါရီလ ၆ ရက်နေ့မှ  ၃၁ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)