ကလိန်အောင် ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ နတ်အိမ်တောင်သွားကားလမ်းတွင် ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီခန့်က တရားမဝင်သစ်သားစကွဲယားတုံး (၈၇) တုံးနှင့် ယာဉ်(၂)စီး သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထားဝယ်မြို့နှင့် ရေဖြူမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် သတင်းအရ၀င်ရောက်ရှာဖွေရာ ကလိန်အောင်မြို့ ရေး- ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၅၁/ ၆မှတဆင့် နတ်အိမ်တောင်သွားကားလမ်းအတွင်း (၂)မိုင်ကျော်ခန့် လမ်းယာဘက် (၁)ဖာလုံခန့်၌ အခြားသစ်သား စကွဲယားတုံး (၁၆) တုံး၊ ထိုနေရာအနီး လမ်းဝဲဘက်ခြမ်း (၂) ဖာလုံခန့်၊ တောစပ်အတွင်းရပ်ထားသည့် ပိုင်ရှင်မဲ့ယာဉ် အမှတ်-NPW---- ခေါင်းနီ/ညို၊ ကိုယ်ထည်အစိမ်းရောင် (၆) ဘီးယာဉ်ပေါ်မှ အခြားသစ်သားစကွဲယားတုံး (၃၃) တုံး၊ ကားလမ်းအတွင်း (၆) မိုင်ကျော်ခန့်၊ လမ်းဘေးယာဘက်ခြမ်း ကိုင်းတောအတွင်းတွင် ရပ်ထားသည်ပိုင်ရှင်မဲ့ယာဉ်အမှတ် မပါ ၊ NISSAN DIESEL UD အမျိုးအစား ခေါင်းပြာ၊ ကိုယ်ထည်အဖြူရောင် (၁၂) ဘီး ယာဉ်ပေါ်မှ အခြားသစ်သားစ ကွဲယားတုံး (၃၈) တုံးအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သိမ်းဆည်းရမိသည့် ယာဉ်(၂)စီးနှင့် အခြားသစ်သား စကွဲယားတုံး (၈၇) တုံးအား တိုင်းတာဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင်