၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ဝေါ ဇန်နဝါရီ ၇

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ဝေါမြို့ အခြေခံပညာ အထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကြည်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျောင်စိုးဦးနှင့် ဌာနဆိုင်ရာ အကြီးကဲများ မြို့နယ်ပညာရေးမှူးဒေါ်ခင်ဝင်းနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ဆုရ ကျောင်းသား/ကျောင်းသူများ မိဘများတက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ အထက-ဝေါ ကျောင်းသား/ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည့်သူ့လွတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက အမှာစကားပြောကြားသည်။ မြို့နယ် ပညာရေး မှူး ဆရာမကြီး ဒေါ်ခင်ဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

 

ထို့နောက်၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ထူးချွန်ထက်မြက်သော ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၅၉) ဦးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးနှင့် ဌာနဆိုင်ရာများမှ ဆုများအသီးသီး ဆုချီးမြှင့်ပေးခဲ့သည်။ အထက-ဝေါ ကျောင်းသား/ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)