မက်မန်း အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ညီညီနိုင်၏ “အောင်မြင်ရေးသော့ချက်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေချစ်မြတ်နိုးသူအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲသည်။
ထို့နောက်စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင်မဒေါလီဘိုက စာရေးဆရာ ညီညီနိုင်၏ “အောင်မြင် ရေးသော့ချက်” စာအုပ်မှ “ရည်မှန်းချက်” ဆောင်းပါးအားလည်းကောင်း၊ မယားမီစီးက “စိတ်ကူးယဉ် အိပ်မက်မက်ခြင်း” ဆောင်းပါးအားလည်းကောင်း၊ မနာဖူးက “စီးပွားရေးအရ၊ ငွေကြေးလွတ်မြောက်မှုဖန်တီးပါ” ဆောင်းပါးအားလည်းကောင်း၊ မနာလောဘိုက “ဆက်သွယ်မှုစွမ်းရည်ကို ထက်မြက် အောင်သွေးခြင်း” ဆောင်းပါးအားလည်းကောင်း၊ မနာလားရှဲက “ပညာဗဟုသုတ” ဆောင်းပါးအားလည်းကောင်း အသီးသီးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင် (၂၀)ဦးပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)