ရွှေစာရံကျေးရွာတွင် ကျန်းမာရေးအသိပညာပေး ဟောပြော

ပုသိမ်ကြီး  ဖေဖော်ဝါရီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားပွဲတော်တွင် ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ မဖြစ်ပွားစေရန် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၁၀နာရီခွဲ က ရွှေစာရံဘုရားရှိ မဟာဓမ္မဗိမာန်တော်၌ ပြုလုပ်သည်။

ရှေးဦးစွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးမှူး ဦးမြင့်နိုင်၊ ဒေါ်ဇင်မာမြင့်တို့က ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ အကြောင်းအား ကျန်းမာရေး အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အသိပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အခမ်းအနားသို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရွှေစာရံဘုရား ဂေါပက အဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ၊ ဘုရားပွဲဈေးသည်များ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)