ဇီးကုန်း ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် သမဝါယမအသင်းစု လီမီတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်ပြည်ကားလမ်းရှိ သမဝါယမအသင်းစုပိုင် ဆန်စက်ဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်မြိုင်၊ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသူရိန်ချစ်ဆွေ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်လှ၊ ဦးစီးအရာရှိ ဦးအောင်လင်းညိုနှင့် ဇီးကုန်းမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ ရပ်/ကျေး သမဝါယမ အသင်းစုဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဇီးကုန်းမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းညွန့်နှင့် ပဲခူးတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ချစ်ဆွေ တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် အသင်းအမှုဆောင် ဦးဝင်းနိုင်က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉ (mini budget) အတွက် အစည်းအဝေးတွင် တင်သွင်းသည့်အမှုဆောင် အစီရင်ခံစာအား ဖတ်ကြားတင်ပြ၍ အတည်ပြုချက် ရယူခဲ့သည်။ ဆက်လက်၍ ဇီးကုန်းမြို့နယ် သမဝါယမအသင်း အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ခြင်းကို ကျင်းပခဲ့ရာ တက်ရောက်လာသော ကျေးရွာအသင်းသားများက အမှုဆောင်သစ်များကို အဆိုပြုတင်ပြရွေးချယ်ခဲ့ကြရာ သဘာပတိက အတည်ပြုပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)