နတ်မောက် ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီ က နတ်မောက် မြို့နယ်တွင် (One State One Township Project ) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးခရိုင် လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင် က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ က (One State One Township Project ) အရ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ တင်ပြခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ တင်ပြခြင်း၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်လာသူများမှ တင်ပြဆွေးနွေးခြင်းများနှင့် နတ်မောက်မြို့နယ် (One State One Township Project) Video Clip ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်သည် (One State One Township Project) ပြုပြင်ပြောင်းလဲမှု စံနမူနာ မြို့နယ်များ ပေါ်ထွန်းလာစေရန် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ယုံကြည်မှုမြှင့်တင်ခြင်းဖြင့် မြို့နယ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးယန္တရား ခိုင်မာ အားကောင်း စေရေး ကို ရည်ရွယ်၍ ဆောင်ရွက်မည့်လုပ်ငန်းများအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး (၁၀) ရုံး ဆောက်လုပ်ခြင်း၊ ရပ်ကွက် (၇)ရပ်ကွက်အား Smart Office ဖြစ်စေရေးအတွက် စက်ပစ္စည်းနှင့် ပရိဘောဂ ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ Mobile Service Delivery ကွင်းဆင်း ဆောင်ရွက်ခြင်း၊ မြေဂရန်ပြုလုပ်ခြင်း၊ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် (၃၅၀၀) ပြုလုပ်ခြင်း၊ မြို့တွင်းလမ်း (၉)လမ်း ကွန်ကရစ်ခင်းခြင်း၊ မြို့တွင်းလမ်းမီးများ တပ်ဆင်ခြင်း၊ အမှိုက်ပုံး၊ အမှိုက်ကန်များ ဝယ်ယူခြင်း၊ မီးသင်္ဂြိုလ်စက် တည်ဆောက်ရန်အတွက် မြေညှိခြင်း၊ ကျောက်ချောလမ်းခင်းခြင်းနှင့် ကျောက်ရိုးစီမြေကာနံရံ ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။
သင်းသင်းဝေ(နတ်မောက်)