တိုက်ကြီး ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မျိုးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပါသည်။ အဆိုပါသင်တန်းသို့ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ များမှ သင်တန်းသူ (၂၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၄၅) ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)