ကြံခင်း ဖေဖော်ဝါရီ ၁
ကာကွယ်ဆေးနှင့် ငါးမျိုးစပ် (penta -4) ကာကွယ်ဆေးတို့ကို ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ် ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် ၊ မြို့နယ် ကုသရေးနှင့်ကျန်းမာရေးမှူး ဒေါက်တာဝင်းနိုင် ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး အသက်(၂)လ ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးတိုက်ကျွေးခြင်း ၊ အသက်(၁၈)လ ကလေးငယ်များအား ငါးမျိုးစပ် (penta-4) ကာကွယ်ဆေးထိုးပေးခြင်း ဆောင်ရွက်မှုများကို မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ်များအား ခြုံစောင်နှင့် အရုပ်များ လက်ဆောင် ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးမှူး ဒေါက်တာဝင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုရေး အသင်းအဖွဲ့များ ၊ ကလေးမိခင်များ တက်ရောက်ကြောင်း သိရသည်။
မိုးမိုး ( ပြန်/ဆက်)