စဉ့်ကိုင် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၊ တရုတ်စုရပ်ကွက်အတွင်းရှိ အခြေခံပညာ အလယ် တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စကားဝိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဗလညွှန့်ဌေးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုလည်းကောင်း၊ နောက်ဆက်တွဲ ပြသနာများကိုလည်းကောင်း၊ မြို့နယ် ဥပဒေအရာရှိ ဦးခင်မောင်ထွေးက မူးယစ်ဆေးဝါးဥပဒေပုဒ်မများနှင့် ပစ်ဒဏ်များကိုလည်းကောင်း၊ ကျောင်း ကျန်းများရေး ဆရာဝန် ဒေါက်တာအေးလွင်က မူးယစ်ဆေးဝါး သုံးစွဲမှုများရှိလာပါက ပညာရေး နှောင့်နှေးမှုများ၊ များစွာဖြစ်ပေါ်လာမည်ဖြစ်ပြီး ဗလငါးတန်းလည်း ဆုံးရှုံးသွားမည် ဖြစ်ကြောင်း အသီးသီးဆွေးနွေးခဲ့ရာ စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ထပ်မံသိရှိလိုကြသည့် မူးယစ်ဆေးများနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)