ကော့မှူး ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက် မြို့နယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကော့မှူးမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်က မြို့နယ်အတွင်း ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ရပ်ကွက် ကျေးရွာအုပ်စုအတွင်း အဆင့်မီ အရည်အချင်းပြည့်ဝသော အားကစား သမားများ ဖြစ်ပေါ်လာရေးအတွက် ပြိုင်ပွဲများ ကျင်းပနေခြင်းဖြစ်ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် အသင်းသားများ လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)