မအူပင် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ ရေလဲလမ်းမကြီးတစ်လျှောက် အောက်ခံမြေသား မကောင်းသည့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကွန်ကရစ်လောင်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မအူပင်မြို့၊ ရေလဲလမ်းမကြီး အောက်ခံမြေသားမကောင်းသည့်နေရာအား ကွန်ကရစ်လောင်းခြင်း၊ လမ်းလယ်ရှိ မီးတိုင်များနှင့် လမ်းလယ်ရှိကျွန်းပင်များ ဖယ်ရှားခြင်းကို အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ခရိုင်/ မြို့နယ် လမ်းဦးစီးမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင် (မအူပင်)