ကွမ်းခြံကုန်းမြို့နယ်တွင် (၈)မြို့နယ် သုဓမ္မာနိကာယဝိနည်းစာ ပြန်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ

ကွမ်းခြံကုန်း  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသော သုဓမ္မာနိကာယ ဝိနည်းစာပြန်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူမှုကို ယမန်နေ့နံနက် ၈နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အလှူရှင်များက လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဓမ္မိကာရုံပရိယတ္တိ စာသင်တိုက်မှနေ၍ ဗိုလ်ချုပ်လမ်းမကြီး၊ ရွှေပြည်တန်လမ်း၊ တောင်ဘက်ပိုင်းရပ်ကွက်၊ မြို့မပိုင်းရပ်ကွက်များသို့ ရဟန်းသာမဏေအပါး (၄၀၀)ကျော်တို့မှ အကြည်ညိုခံ အပူဇော်ခံထွက်ရှိရာ လမ်းတစ်လျှောက် ဌာနဆိုင်ရာများ၊ မြို့ပေါ်ပရဟိတ အသင်းအဖွဲ့များမှ လူငယ်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များက ကုသိုလ်ယူ လုပ်အားပေးခဲ့ကြပြီး စေတနာရှင် အလှူရှင်များမှ ဆွမ်းဆန်စိမ်းအစရှိသော ဒါတဗ္ဗဝတ္ထု အစုစုတို့ဖြင့် လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ရွှေခြံမြေ)