အိမ်မဲ ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု ကျိုက်ပိကျေးရွာ လမ်းခွဲအနီး၌ ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်က Hi Jack မော်တော် ယာဉ်အပူ လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံစိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသစ်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် (Hi Jack) အဖြူရောင်ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်များဖြစ်သော ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ယာဉ်မောင်ဦးစိုးနိုင်အား အိမ်မဲမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)