မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ အိမ်တိုင်ရာ‌‌ရောက် ထောက်ပံ့ပေးအပ်

မင်းလှ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဗျက်ကြီးအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးသွားသော နေအိမ်မှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ချိန်က အိမ်တိုင်ရာ‌‌ရောက် သွား‌ရောက်ထောက်ပံ့ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ခြင်းကို မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းသူမောင်နှင့် မင်းလှမြို့နယ် သဘာဝ‌ဘေးစီမံခန့်ခွဲမူအဖွဲ့တို့ ပူးပေါင်း၍ ဗျက်ကြီးအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီချိန်က မီးလောင်ပျက်စီးခဲ့သော မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ ၎င်းနေအိမ်ရှိ မီးဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀၅၀၀)ကျပ်နှင့် ကယ်ဆယ်‌‌ရေးပစ္စည်း(၁၉)မျိုးပါ ပလတ်စတစ်ပုံး(၁)ပုံးတို့အား လက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ