ကြံခင်း ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးသတ်ဆေးဗူး လက်တွေ့အသုံးပြုပုံများ သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင်က မီးဘေးအန္တရာယ် လုံခြုံကာကွယ်ရေး အသိပညာပေး ဆွေးနွေးရခြင်း ရည်ရွယ်ချက်များ မီးဘေးအန္တရာယ် ကြုံတွေ့လျှင် ငြိမ်းသတ်ပြုလုပ်ပုံများ မိမိတို့နေအိမ်တွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်များ စနစ်တကျထားရှိပုံများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ ကျောင်းသား/သူများကလည်း မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်ငုဝါအောင်က ရုတ်တရက် ကြုံတွေ့လာနိုင်သည့် မီးလောင်မှုအား မီးသတ်ဆေးဗူး အသုံးပြုငြိမ်းသတ်ပုံ၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်ပုံများ ကို အသိပညာပေး ပြောကြားပြီး ကျောင်းရှေ့ မြေကွက်လပ် တွင်ဆီးမီးလောင်မှုကို မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်ပုံ ၊ မီးသတ်ဆေးဗူး အသုံးပြုပုံများအား လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမ များအား အသိပညာပေး လက်ကမ်းစာစာင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးမိုး (ပြန်/ဆက်)