အိမ်မဲမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၃၂၂၆ ) ဦး ဖြေဆိုမည်

အိမ်မဲ  ဖေဖော်ဝါရီ  ၂၄

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာ အိမ်မဲမြို့နယ်တွင် စာစစ်ဌာန (၉) ခု၌ ကျောင်းသား ကျောင်းသူ (၃၂၂၆) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့နယ်  စာစစ်ဌာနများအဖြစ်  အ.ထ.က (၁) အိမ်မဲတွင် (၆၆၀) ဦး၊ အ.ထ.က (၂) အိမ်မဲတွင် (၄၂၃) ဦး အ.ထ.က - ရွာသစ်တွင် (၆၁၈) ဦး ၊အ.ထ.က - ကြို့ကုန်းတွင် (၅၆၀) ဦး၊ အ.ထ.က − တကူဆိပ်တွင် (၂၅၀) ဦး၊ အ.ထ.က-လူကောင်းကျွန်းတွင် (၂၂၃) ဦး၊ အ.ထ.က -ဝါးတလုပ်ကမ်းနီတွင် (၂၄၉) ဦး၊ အ.ထ.က − ကျုံတလုပ်တွင် (၁၂၉) ဦး၊ အ.ထ.က − ဘုရားကြီးကုန်းတွင် (၁၁၄) ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၃၂၂၆) ဦး ပါဝင်ဖြေဆိုကြမည်ဖြစ်ပြီး၊ အိမ်မဲမြို့နယ်အနေဖြင့် စာစစ်ဌာန (၉) ခုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဌေးဌေးလှိုင်(အိမ်မဲ၊ပြန်/ဆက်)