မတ္တရာ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် နေပုညသင်္ဂဟ ပညာရေး ထောက်ပံ့အသင်းမှ စာရေးကိရိယာများကို လစဉ်လှူဒါန်း ထောက်ပံ့ပေး လျက်ရှိရာ ယနေ့ (၈၃)ကြိမ်မြောက်အဖြစ် စာရေးကိရိယာ ပစ္စည်းများ လှူဒါန်းပွဲကို ဘေးမဲ့ကျေးရွာ၊ ကံဘဲ့ကျေးရွာနှင့် ပေါက်တော ကျေးရွာများရှိ အခြေခံပညာမူလတန်း ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့သို့ထောက်ပံ့လှူဒါန်းမှုများတွင် နေပုညသင်္ဂဟ ပညာရေးထောက်ပံ့အသင်း အတွင်းရေးမှူး ဦးအောင်မော်မှအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး အသင်းသား/ အသင်းသူများနှင့် အလှူရှင်များမှ ကျပ်(၈၆၆၈၅၀)တန်ဖိုးရှိ လွယ်အိတ်၊ စာအုပ်နှင့် စာရေးကိရိယာများအား ကျောင်းသား/ကျောင်းသူ(၁၆၈)ဦး၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ လှူဒါန်းမှုများအပြီးတွင် ကျောင်းအုပ်ကြီးများမှ ကျေးဇူးတင်စကားများပြန် လည်ပြောကြားခဲ့သည်။
ကျွန်တော့်အနေနဲ့ဆိုရင် ဒီလိုအများကြီးမလှူဒါန်းနိုင်တဲ့အတွက် ဒီနေပုညသင်္ဂဟ ပညာရေးထောက်ပံ့အသင်းမှာ လစဉ်အလှူငွေထည့်ဝင်ပါတယ် လစဉ်ကလေးတွေ လက်ဝယ်အရောက် လှူဒါန်းရတဲ့အတွက် ပီတိဖြစ်မိပါတယ်”ဟု အဆိုပါ အသင်းမှ အလှူရှင်တစ်ဦး မှပြောသည်။ ပညာရေးထောက်ပံ့ အသင်းသည် မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများနှင့် နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးလိမ္မာသင်တန်းများသို့ လစဉ် စာရေးကိရိယာပစ္စည်းများအား ထောက်ပံ့လှူဒါန်း လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)