ပန်းတနော်မြို့တွင် စာဖတ်ဝိုင်းကျင်းပ

ပန်းတနော်  ဖေဖော်ဝါရီ    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊  ပန်းတနော်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community   Centre)  ခန်းမ၌ ယမန်နေ့ မွန်းလွဲ၂ နာရီ အချိန်က မြို့နယ်စာရေးဆရာအသင်း ၊စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book  Club)   နှင့်  Youth  Club တို့ ပူးပေါင်း၍ စာရေးဆရာ ဟိန်းလတ်၏ "မှတ်ညဏ်ရင့်သန် ထက်မြက်စေရန်် " စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသိဉာဏ်ဗဟုသုတများ ကြွယ်ဝပြီး မိမိပတ်ဝန်းကျင်ကို အကျိုးပြုတတ်သူများ ဖြစ်စေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်း ခြားတတ် စေရန်အတွက် စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  တက်ရောက်လာသည့် စာပေဝါသနာရှင်များကအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)