မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

မြောက်ဥက္ကလာပ  ဖေဖော်ဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁) ကျောင်းသားဟောင်းများအသင်းမှ ကြီးမှူးကျင်းပသော ပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအတွက် (၁၇၂) ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့နံနက် (၇) နာရီခွဲက အ.ထ.က(၁) မြတ်ခရေခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ဒေါက်တာစိုးနိုင် (ကျောင်းသားဟောင်း) က ပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဦးထွန်းဦး (ကျောင်းသားဟောင်း) မိသားစုမှ လက်ဖက်ရည်/မုန့်များ တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုများတွင် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ လှူဒါန်းရာ ကျောင်းသားဟောင်း သက်လုံဆေးရုံပိုင်ရှင် ဒေါက်တာဆောင်းသီတာမှ လက်ခံရယူခဲ့ ကြောင်းသိရသည်။

မြမြဝင်း(ပြန်/ဆက်)