လေးမျက်နှာမြို့နယ်၊ ‌ရှမ်းရွာကျေးရွာတွင် ပြည်သူ့စကားဝိုင်း ကျင်းပမည်

လေးမျက်နှာ   ဖေဖော်ဝါရီ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင်  လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်သော "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တာတွင်းကုန်းကျောင်း ဓမ္မာရုံ၌   ဖေဖော်ဝါရီ ၂၅ ရက်၊   မွန်းလွဲ ၁ နာရီတွင် ကျင်း ပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ပြည်သူ့စကားဝိုင်းတွင် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက  ပြည်သူများနှင့်အတူ ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်သူ့စကားဝိုင်းသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင် ကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)