ဒဂုံ ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် ကန်တော်မင်္ဂလာပန်းခြံဝင်း Happy World အတွင်းရှိ ကလေးကစားကွင်းများ၊ စားသောက်ဆိုင်များ လျှပ်စစ်အန္တရာယ်ကင်းဝေစေရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်အတွက် ယမန်နေ့ မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးသိန်းဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်တို့ ပူးပေါင်း၍ သွားရောက်စစ်ဆေးကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် ပန်းခြံအတွင်း လာရောက်သူများ၊ စားသုံးသူမိဘပြည်သူများ လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချမှုရှိစေရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုအနေဖြင့် မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိမှု၊ သက်တမ်းတိုး ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ထားရှိရန် မှာကြားထားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)