ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲ သုံးခွမြို့၌ ကျင်းပ

သုံးခွ  ဇန်နဝါရီ  ၈

န၀မအကြိမ်မြောက် ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ အမှတ် ၁၁ ရပ်ကွက် အနော်ရထာလမ်းရှိ "မဟာအတုလဝေယံ" သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၉ နာရီမှ ည ၉ နာရီအထိ သုံးရက်တိုင်တိုင် ပူဇော်ပွဲကျင်းမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဘုရားအနေကဇာ တင်လှူပူဇော်ပြီး ပင့်သံဃာ ၁၅ ပါးတို့အား နေ့ဆွမ်းဆက်ကပ်မည်ဖြစ်ပြီး ညပိုင်းတွင် ညစဉ်၆နာရီ၌ ၀တ်အသင်းသူ အသင်းသားများက ၀တ်ရွတ်ပူဇော်ကြမည်ဖြစ်ရာ ဖူးမြော်လိုသော လုပ်သားပြည်သူများ အနေဖြင့် လာရောက် ဖူးမြော်နိုင်ကြကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်