ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မောက်မယ်  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေ​​ထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။  

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက မြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ရပ်/ကျေး ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့သို့ ရန်ပုံငွေများ လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)