ဖြူး ဇန်နဝါရီလ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂ရက်နေ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့အထိဆောင်ရွက်မည်ဖြစ်ပြီး ဖြူးမြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၈)စု၊ ကောက်ကွက်(၁၈)ခု၊ ကောက်ကွက်(၁)ခုလျှင် (၃၅)အိမ် ကောက်ယူမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းညွန့်၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွေးနှင့်ကော်မတီဝင်များသည် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းဆောင်ရွက်နေသော ဝဲကြီးကျေးရွာအုပ်စု၊ ခင်ချည်ကျေးရွာနှင့် ဆေးရုံပိုင်းရပ်ကွက်တို့ ကို ယနေ့နံနက်တွင် လိုက်လံအားပေးခဲ့ကြောင်း သတင်းရရှိသည်။
မနွယ် (ဖြူးပြန်/ဆက်)