ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ Best battery trading ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးမှ အမှိုက်သိမ်းယာဉ်၊ ယာဉ် နှင့်သက်ဆိုင်သော အထောက်အထား စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်က အင်းစိန်မြို့နယ်ခန်းမရှေ့၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးသူရအောင်နှင့် လက်ထောက်ဌာနမှူး ဦးသန်းဌေးတို့က တက်ရောက်လက်ခံယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အမှိုက်သိမ်းယာဉ်အား အင်းစိန် အရှေ့ကြို့ကုန်း၊ အနောက်ကြို့ကုန်း ရပ်ကွက်များတွင် အမှိုက်သိမ်းဆည်းရန် ရည်ရွယ်၍ လှူဒါန်းကြောင်း သိရှိရသည်။
မျိုးသန့်(ပြန်/ဆက်)