မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရေနုတ်မြောင်းများ ဆောင်ရွက်ခြင်းနှင့် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ  ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက် မဟာသုခလမ်းတစ်လျှောက် ရေနုတ်မြောင်းများ ဆောင်ရွက်ခြင်းနှင့် ကွန်ကရစ်လမ်းများခင်းခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ်လမ်းတံတားဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မဟာသုခလမ်းသည် ပေ (၁၄၀၀) အရှည်ရှိကာ အဆိုပါလမ်းတစ်လျှောက်၏ လက်ဝဲ၊ လက်ယာ ရေနှုတ်မြောင်းများကို အကျယ် (၂) ပေ၊ အနက် (၂) ပေဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး၊ ကွန်ကရစ်လမ်းသစ် ခင်းကျင်းခြင်း လုပ်ငန်းကိုလဲ  တစ်ဆက်တည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျီတော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမောင်ထံမှ သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)