မအူပင်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

မအူပင် ဇန်နဝါရီ ၉

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ မအူပင်မြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းမှစ၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သုံးလလျှင်တစ်ကြိမ် ပေးအပ်လျက်ရှိရာ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၅) ဦးအား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ခုနှစ်သိန်းငါးသောင်း တိတိအား ၂၀၁၉ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာကာ(မအူပင်)