တိုက်ကြီး ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ၊ ကွမ်းသီးမြှောင်ကျေးရွာ၏ တောင်ဘက်မြောက်လှိုင်ရိုးမ အကွက်အမှတ် (၂၁) သပြုချောင်းဘေး ဗျူဟာလမ်းအရှေ့ဘက်တွင် ယမန်နေ့ နံနက် ၈ နာရီခန့်က တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက် တွေ့ရှိရကြောင်း သတင်းအရ တိုက်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်ဇော်ပါ (၈) ဦး၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်ဇော်မင်း ပါ (၇) ဦး၊ ဆင်ဆရာဝန် ဦးဖြိုးသူအောင်နှင့် ဖလုံဘူတာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံထွန်းအောင်နှင့် ရာအိမ်မှူးများ၊ သနပ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော အဖွဲ့က သွားရောက်ကြည့်ရှုရာ သေဆုံးနေသောတောဆင်ရိုင်းမှာ ဆင်ထီး၊ အမဲရောင်၊ ဟန်ကုတ်အမျိုးအစား၊ အသက် (၁၈) နှစ်ခန့်ရှိပြီး အမြင့် (၇) ပေ၊ ကျောရိုး(၆) ပေ၊ နှာမောင်း(၄) ပေ၊ လုံးပတ် (၉) ပေ၊ ခွာဖုံး(၃ပေ၊ ၈လက်မ)ရှိကြောင်းနှင့် သေဆုံးရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)