ဂန့်ဂေါမြို့နယ် သမဝါယမအသင်းစု (၁၃) ကြိမ်မြောက် EXIM BANK ချေးငွေပေးအပ်

ဂန့်ဂေါ   ဇန်နဝါရီ   ၉

ဂန့်ဂေါမြို့နယ်တွင် (၁၃) ကြိမ်မြောက် EXIM BANK ချေးငွေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးကြည်နှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့က အမှာစကားပြောကြားကြပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်မြမြစန်းက ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရပ်ကွက်၊ ကျေးရွာ သမဝါယမအသင်း လီမိတက် ၁၂၀ သင်းသို့ ချေးငွေ ၆၄၇ ဒသမ ၂၄၀၅ သန်းကို ပေးအပ်၍ (၁၂) ကြိမ်မြောက် EXIM BANK ချေးငွေ ပြေကြေစွာပေးဆပ် နိုင်မှုဆုကို ဆက်လက်ချီးမြှင့်ရာ ပထမဆု ပန်းထိပ်ရွာ တိုးတက်အောင် (စိုက်ထွေ) သမဝါယမ အသင်းလီမိတက်၊ ဒုတိယခေါက်ခူရွာ ကြံတိုင်းအောင် (လယ်ထွေ) သမဝါယမအသင်း လီမိတက်၊ တတိယတောင်ပြင်ရွာ ရဲရင့်သူ (အသေးစားငွေစုငွေချေး) သမဝါယမအသင်းလီမိတက်တို့အား တာဝန်ရှိသူများ က ဆုများချီးမြှင့်ကြသည်။

ဂန့်ဂေါမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ သမဝါယမအသင်းလီမိတက်များက FAW ကား ၁၃ စင်းကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ကြရာ အဆိုပါကားဖိုးငွေများ ယခုနှစ်တွင် အပြေအကျေ ပေးသွင်းနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း