ကွန်ဟိန်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ ကျောင်းသား/ ကျောင်းသူများတို့နှင့်ပူးပေါင်း၍ ကလောင်စုံရေးသားထားသည့် လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင် (၃) ဒေါ်ထွေးထွေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မဖြစ်သေးတဲ့အရာအတွက် စိတ်မပူပန်ပါနဲ့ ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် စာဖတ်ဝိုင်းတွင် ကျောင်းသူ မသူဇာအောင်က ရိုးသားစွာရှင်သန်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မကြည်ရှင်းသန့်က အောင်မြင်သောလူငယ် ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)