ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် အသိပေး တင်ပြခြင်း အခမ်းအနားကျင်းပ

ကျိုင်းတုံ  ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများအား လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မိတ်ဘက်အဖွဲ့အစည်းများ၏  ပူးပေါင်းပါဝင်မှုမှ တစ်ဆင့် လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်း လုပ်ငန်းများဆိုင်ရာ အသိပေးတင်ပြခြင်း အခမ်းအနားကို ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး ဦးကျော်စွာထွန်းက ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများအား လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိလာစေရန် ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)