သမဝါယမတက္ကသိုလ် (သန်လျင်)၌ ယာဉ်စည်းကမ်း လမ်းစည်ကမ်းဆိုင်ရာ ဟောပြောပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သမဝါယမတက္ကသိုလ် (သန်လျင်) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ တက္ကသိုလ်ဥတ္တရခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် သမဝါယမတက္ကသိုလ် (သန်လျင်) ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဦးတင်သိန်းက နှုတ်ခွန်းဆက်အဖွင့်စကားပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးမှူး- (၂) ဦးချမ်းငြိမ်းက လမ်းညွှန် လမ်းအမှတ်အသားများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောကာ အမှတ် (၆၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံး ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ် စိုးလင်းဇော်က လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်သောအကြောင်းအရာများကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဆိုင်ကယ်အသိပညာပေး စတေကာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)