ဖျာပုံမြို့နယ်တွင်(၁၇)နှစ်ကြိမ်မြောက် အမေနေ့ အခမ်းအနားကျင်းပ

ဖျာပုံ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမေနေ့ ကျင်းပရေးကော်မတီမှ ဦးဆောင်၍ စာရေးဆရာ အော်ပီကြယ်၊ စာရေးဆရာ အကြည်တော် တို့ဖြင့် ဖျာပုံမြို့(၁၇)နှစ်ကြိမ်မြောက် အမေနေ့ အခမ်းအနားကို ယမန်နေ့ ည(၆)နာရီအချိန်က ဖျာပုံမြို့နယ် စည်ပင်သာယာရေးရုံးရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်မြို့မှ ကိုလူချောများအဖွဲ့က မြန်မာ့တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြပြီး ဖျာပုံမြို့နယ် အမေနေ့ ကျင်းပရေး ကော်မတီအတွင်းရေးမှူးက အမေနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဆရာအော်ပီကျယ်က မယုံဘူး ခေါင်းစဉ်ဖြင့် လည်းကောင်း၊  စာရေးဆရာ အကြည်တော်က လှေကလေးကို လှော်မည် ခေါင်းစဉ်ဖြင့်ဟောပြောပြီး စာအုပ် စာပေများများ ဖတ်ဖို့လိုကြောင်း၊ ကိုယ့်ကိုယ်ကိုယ်ပြင်ဖို့သာ လိုအပ်ကြောင်း ပြောကြားသည်။

 

အောင်ဝင်းနိုင် (ဖျာပုံ)