မင်းဘူး ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်နေ့မှ (၁၅) ရက်နေ့ထိ အပြီး ကွင်းဆင်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း မင်းဘူးခရိုင်၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးမှူးရုံးမှ သိရသည်။
“ကျွန်မတို့ မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးမှူးရုံးမှ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၂) ရက်နေ့မှ (၁၅) ရက်နေ့ထိ အပြီး ကွင်းဆင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်း ကောက်ယူတဲ့စနစ် Mobile Tablet များ အသုံးပြုကာ CAPI (Computer Assisted Personal Interviewing) နည်းစနစ်နဲ့ ကောက်ယူခြင်း ဖြစ်ပါတယ်၊ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ကောက်ကွက် တစ်ကွက်ကို (၃၅)အိမ်ထောင်စုနှုန်းနဲ့ ကောက်ပါတယ်၊ လူတစ်ဦး တစ်ယောက်ချင်း ကောက်ယူသည့် နည်းပညာဖြစ်ပါကြောင်း၊ မင်းဘူး(စကု)မြို့နယ်တွင် (၁၈)ကွက် ပွင့်ဖြူမြို့နယ် တွင်(၁၅)ကွက်၊ စလင်းမြို့နယ်တွင် (၂၃)ကွက်၊ ငဖဲမြို့နယ်တွင် (၆)ကွက်နှင့် စေတုတ္ထရာ မြို့နယ်တွင် (၃)ကွက်ရှိပြီး ကောက်ကွက် စုစုပေါင်း(၆၅)ကွက် ရှိပါကြောင်း၊ ကောက်ယူရေးအဖွဲ့ (၁၀)ဖွဲ့ရှိပြီး လူဉီးရေ(၄၂)ဦး ရှိပါတယ်ဟု မင်းဘူးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ခိုင်”ထံမှ သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)