ပခုက္ကူမြို့တွင် EXIM Bank ချေးငွေ(၁၃)ကြိမ်မြောက်ပေးအပ်

 

   ပခုက္ကူ       ဇန်နဝါရီ      ၁၀

ပခုက္ကူမြို့သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင်(၁၃)ကြိမ်မြောက် EXIM Bank ချေးငွေ  ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာပခုက္ကူမြို့ သမဝါယမဦးစီးဌာနမြို့နယ်ဦးစီအရာရှိ  ဦးမြင့်လွင်က ပခုက္ကူမြို့နယ်၏  သမဝါယမ အသင်းများ အခြေအနေ ချေးငွေပြန်လည်ပေးဆပ်မှု  သမဝါယမအသင်းအလိုက် လုပ်ငန်း  ဆောင်ရွက်မှု အခြေအနေများကို     ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပခုက္ကူမြို့နယ်  သမဝါယမ အသင်းစု ဉက္ကဋ္ဌ ဒေါ်ဖြူဖြူစံ က  သမဝါယမအသင်းစုအနေဖြင့်  အသင်းအလိုက်ချေးငွေ ထုတ်ပေးမှု ပြန်ဆပ်မှုနှင့် အသင်း အလိုက် စနစ်တကျထုတ်ယူရေးဆွေးနွေး သည်။

ထို့နောက်သမဝါယမအသင်းအလိုက်ချေးငွေပြန်လည်ပေးဆပ်မှု   အချိန်မှန်မှု ဆုများကို ပေး အပ်ရာ ပြည်သူ့ လွှတ်တော် ကိုယ်စာလှယ်ဦးပိုက်ကိုနှင့်တာဝန်ရှိသူများကပေးအပ်သည်။ ဆက်လက်၍   သမဝါယမ အသင်း များသို့    EXIM Bank ပံ့ပိုးချေးငွေ   ၁၉၉၄ ဒသမ  ၄၃၃၁ကျပ်သန်းအား    ပခုက္ကူမြို့နယ် သမဝါယမ အသင်းစုဉက္ကဋ္ဌ ဒေါ်ဖြူဖြူစံက အသင်းများ အား ပြန်လည်ပေးအပ်သည်။

ပခုက္ကူမြို့နယ်တွင်ရပ်ကွက်နှင့်ကျေးရွာသမဝါယမအသင်းပေါင်း ၃၈၁ သင်းရှိပြီး လုပ်ငန်းများ လည်ပတ် လုပ်ကိုင် လျက်ရှိကြောင်းသိရသည်။

ကိုတမာ(ပြန်/ဆက်)