(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

အင်တော ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်၊တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယနေ့နံနက် ၉ နာရီက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်သည်။

ရှေးဦးစွာ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လှလှထွေးက ကျောင်းသားကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှု့သည့်အလေ့အထကောင်းများ ရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိပြီး စာအုပ်စာပေများ လာရောက်၍ ငှားရမ်းဖတ်ရှု့နိုင်စေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရာတွင် အဖြတ်အတောက်မှန်ကန်စေရန်နှင့် ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် မြို့ပေါ်အခြေခံပညာကျောင်း (၃) ကျောင်းမှ ကျောင်းသားကျောင်းသူလေးများက ကျန်းမာ‌‌ရေးကို အကျိုးပြုသည့် အုန်းစိမ်းရည်၊ တစ်ကိုယ်‌ရေသန်းရှင်းရေးနှင့်‌ ရေ၏တန်ဖိုးနှင့်‌ ရေအကျိုးဆယ်ပါး ဆောင်းပါတိုများကို ဖတ်ကြားခဲ့သည်။

အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် စာဖတ်စွမ်းရည်အကောင်းဆုံဆုရ ကျောင်းသား ကျောင်းသူ (၅) ဦးအား မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဆရာဆရာမများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးအပ်မြှင့်ခဲ့သည်။ အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ အ.ထ.က၊ အ.မ.က (မူလွန်) နှင့် အ.မ.က (၂) ကျောင်းများမှ G-5 ကျောင်းသားကျောင်းသူ(၂၇)ဦးကဝင်‌‌ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အင်တော(ပြန်/ဆက်)