ကျိုင်းတုံမြို့၌ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်

ကျိုင်းတုံ မတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီ (အခမဲ့) သင်တန်းဖွင့်ပွဲကို ယနေ့တွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community   Centre  ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစိုင်းဆမ်တစ်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားသည်။ သင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ် (၃၀) ဦးတက်ရောက်ပြီး မတ် ၁၈ ရက်မှ ၂၈ ရက်အထိ ပန်းချီရေးဆွဲနည်းပညာရပ်များကို ကျွမ်းကျင်သင်တန်းနည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)