မင်းတုန်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းတုန်း  ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် မင်္ဂလာဦးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအုန်းကျော်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးအတွက်  အသိပညာပေး ဟောပြောခြင်းနှင့် ပြစ်မှု/ ပြစ်ဒဏ်များအကြောင်း ဟောပြောခြင်းများကိုလည်းကောင်း၊  မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြစ်မှု/ပြစ်ဒဏ်များ အကြောင်း အသိပညာပေး ဟောပြောခြင်းများ ကိုလည်းကောင်း၊ မင်းတုန်းမြို့မစခန်းမှူးဒုတိယရဲမှူး စိန်သောင်းက လူကုန်ကူး မခံရစေရေး၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး မှုခင်း အသိပညာပေး လက်ကမ်းစာစောင်များအား တက်ရောက်လာကြသော ပြည်သူများအား ဝေငှခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲသို့မင်္ဂလာဦးကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုဇော်(ဓာတု)