ထီးလင်း ဖေဖော်ဝါရီ ၂၂
ဂန့်ဂေါ- ပုလဲ- မုံရွာကားလမ်း ၈၀/၇ နှင့် ၈၁/၁ ကြား စင်းစယ်ကျေးရွာအနီးတွင် မုံရွာမြို့ဘက်မှ ဂန့်ဂေါ - ဟားခါး မြို့ဘက်သို့ အိမ်ဆောက်ပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာသော ဟီးနိုးအပြာရောင်ယာဉ်တစ်စီးသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဇော်မျိုးဝင်း မောင်းနှင်သည့် ဟီးနိုးအပြာရောင် မော်တော်ယာဉ် 2H /---- ၁၂ ဘီး ယာဉ်တစ်စီး အထက်ပါ နေရာအရောက်တွင် ဘရိတ်ပေါက်တိမ်းမှောက်ကြောင်းနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့မှာ တစ်စုံတစ်ရာ ဒဏ်ရာရရှိ ခြင်းမရှိကြောင်း သိရသည်။
မော်တော်ယာဉ်တိမ်းမှောက်ရာသို့ ထီးလင်းမြို့နယ် ရေမျက်နီ ရဲကင်းစခန်းမှူး ရဲအုပ် ချစ်ကောင်းစံ၊ စင်းစယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံမြိုင် တို့သည် မော်တော်ယာဉ် တိမ်းမှောက်ရာသို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိ၍ အကွေ့အကောက်များပြီး လမ်းကြမ်းတမ်းသည့်နေရာတွင် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား ဆေးမင်းတောနယ်မြေ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူထားကြောင်း နှင့် စင်းစယ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးကံမြိုင်နှင့် ပြည်သူ ၇ ဦးတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မာမာမြင့် (ပြန်ဆက်)