အင်းစိန်မြို့မစျေးကြီး၌ Clean Insein အဖွဲ့ ကင်မ်ပိန်း(campaign)ပြုလုပ်

အင်းစိန် ဇန်နဝါရီ     ၁၂

အင်းစိန်မြို့နယ် လူငယ်များနှင့် ဖွဲ့စည်းထားသော Clean  Insein အဖွဲ့၏ဒုတိယခြေလှမ်းအဖြစ် ပထမဦးဆုံး အင်းစိန်မြို့မစျေးကြီးရှေ့တွင် လူအများအမှိုက်များကို စနစ်တကျစွန့်ပစ်ရေးနှင့် ပလပ်စတစ်အိတ်များအသုံးပြုမှု လျှော့ချရေးဆိုင်းပုဒ်များ ကိုင်ဆောင်ကာ ယမန်နေ့ နံနက် ၉ နာရီက ကင်မ်ပိန်း(Campaign)ပြုလုပ်ခဲ့ကြသည်။

အဆိုပါပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များကလာရောက် အားပေးခဲ့ကြောင်း၊ Clean Insein အဖွဲ့၏ ပထမခြေလှမ်းမှာ၂၀၁၉ခုနှစ် စက်တင်ဘာလ ၁ရက်နေ့က  အင်းစိန် အ.ထ.က(၁) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မျိုးသန့်(ပြန်/ဆက်)