ကျောက်တန်းမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းသို့ အရေးပေါ်လူနာတင်ယာဉ်လှူဒါန်း

ကျောက်တန်း  ဇန်နဝါရီ ၁၂

ဆင်းရဲနွမ်းပါးဝေဒနာရှင်များ သွားလာရေးလွယ်ကူစေရန်နှင့် ဆေးရုံလုပ်ငန်းများ အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ဦးချန်စိန်၊ ဒေါ်မြင့်မြင့်စိုး၊ သမီး ဒေါက်တာခိုင်ခိုင်ဦး၊ ဒေါက်တာ စိုးထက်အောင်၊ ဒေါ်ဆွေဆွေလှိုင်၊ မကြည်လဲ့လဲ့ဟန် (ဦးချန်စိန်ဆန်ပွဲရုံမိသားစု) ကမ်းနားလမ်း အရှေ့ပိုင်းရပ်ကွက်မှ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းသို့ ယမန်နေ့  မွန်းလွဲ ၂ နာရီက အရေးပေါ်လူနာတင်ယာဉ်(၁)စီးလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမှုတွင်ကျောက်တန်းမြို့နယ်လုံးဆိုင်ရာပရဟိတအသင်းမှ တာဝန်ရှိသူများက လက်ခံရယူပြီး “ဆင်းရဲနွမ်းပါးပြီးငွေကြေးချို့တဲ့သော ဝေဒနာရှင်တွေ ဆေးရုံဆေးခန်းတွေသွားလာတဲ့အခါမှာအဆင်ပြေပြေနဲ့ သွားလာနိုင်ရန်အတွက် အဓိကရည်ရွယ်ပြီး လှူဒါန်းဖြစ်တာပါဟု” အလှူရှင် မိသားစုမှ ပြောကြားခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)