တောင်ဥက္ကလာပမြို့နယ်၌ ပထမအကြိမ်နှစ်ဦးအကြို စုပေါင်းစက်ဘီးစီနင်းပွဲနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး အသိပညာပေးလှုပ်ရှား

ရန်ကုန်  ဇန်နဝါရီ   ၁၂

တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပထမအကြိမ်နှစ်ဦးအကြို စုပေါင်းစက်ဘီးစီးပွဲနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးအသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ၆ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါ စက်ဘီးစီးနင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးတင့်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့သည်။

စက်ဘီးစီးနင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် စက်ဘီးစီးနင်းသူတစ်ထောင်ခန့်က စက်ဘီးများတွင် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး အသိပညာပေး ဆိုင်းဘုတ်များ ချိတ်ဆွဲ၍ စုပေါင်းပါဝင်ဆင်နွှဲခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များက ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေထက်အောင်