ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ပဉ္စမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ် ပေးအပ်ပွဲကျင်းပ

ပွင့်ဖြူ  ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် စိုက်ပျိုးရေးဒီပလိုမာအောင်မြင်သော ကျောင်းသားကျောင်းသူများအား ပဉ္စမအကြိမ်မြောက် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ပွင့်ဖြူမြို့စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဒီပလိုမာလက်မှတ်ချီးမြှင့်ပွဲတွင် ပွင့်ဖြူမြို့စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင် က  ဩဝါဒစကားနှင့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် စိုက်ပျိုးရေးဒီပလိုမာရရှိအောင် ကြိုးစားခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ချီးကျူးဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်(ရုံးချုပ်)စိုက်ပျိုးရေးသိပ္ပံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဘဲဆောင်၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းမြတ်၊ မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နီလာမော်၊ မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်နှင့်တာဝန်ရှိသူများက ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် စိုက်ပျိုးရေးဒီပလိုမာအောင်မြင်သည့် ကျောင်းသားကျောင်းသူ(၁၅၃)ဦးအား တစ်ဦးချင်းစီ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်များကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ စိုက်ပျိုးရေး ဒီပလိုမာလက်မှတ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ နေပြည်တော်(ရုံးချုပ်) စိုက်ပျိုးရေးသိပ္ပံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဘဲဆောင် ၊ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းမြတ်  မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နီလာမော် ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွင့်ဖြူမြို့စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်နှင့် ဆရာ/ဆရာမများ ၊ စိုက်ပျိုးရေးဒီပလိုမာရ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်းသိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)