ပုံပါကျင် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ခြင်းသည် ပညာဗဟုသုတတိုးပွားစေသည်သာမက စိတ်စေတနာကောင်းများကို နှိုးဆော်ပေးတတ်သော စိတ်အာဟာရကိုလည်း ပြည့်ဝစေပြီး ဉာဏ်အမြော်အမြင်ကိုလည်း ကြီးမားစေကာ ရှေးလူကြီးသူမများ၏အယူအဆအကောင်းအဆိုးများ အတွေ့အကြုံကောင်းများကို အတုယူမှတ်သားသည့်အပြင်စာဖတ်ခြင်းဖြင့် မိမိအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ခြင်းရလဒ်များကို ရရှိစေသဖြင့် ယင်းအကျိုးကျေးဇူးသည် ဘဝတစ်သက်တာအတွက် ဆုလာဘ်ပင်ဖြစ်ပါကြောင်း စာဖတ်ခြင်းအကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)