ကျောက်မဲ ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လယ် (၂) နာရီအချိန် က ကျောက်မဲမြို့၊ အမက(၇) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဒုတိယဦးစီးမှုး ဒေါ်နန်းခင်မြတ်ဝါက စာဖတ်ခြင်းအကျိုးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူလေးများအား အချိန် ၁ နာရီခန့်အချိန်ပေး၍ ကာတွန်း၊ ရုပ်ပြ စာအုပ်စာစောင်များ ဖတ်ရှုစေခဲ့သည်။
ယင်းနောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းအတွက် အားကစားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်